
ဘိုလီးဗီးယားနိုင်ငံတောင်ပိုင်း အဝေးပြေးလမ်းမကြီးတလျှောက် မောင်းနှင်နေတဲ့ ထရပ်ကားတစီးဟာ မတ် ၃ ရက် မနက်အစောပိုင်းက ဘတ်စ်ကားတစီးနဲ့ တိုက်မိခဲ့ရာမှာ ဘတ်စ်ကား ချောက်ထဲကျပြီး အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဘတ်စ်ကားဟာ မီတာ ၅၀၀ ကနေ ၈၀၀ အထိ နက်တဲ့ လျှိုမြောင်တခုအတွင်းကို လိမ့်ပြီး အောက်ကိုကျသွားခဲ့ကြောင်း ပိုတိုစီရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လင်းမ်ဘားရှော့ခ်က ပြောပါတယ်။
ဒဏ်ရာရရှိသူ ၁၉ ယောက်ကို နယ်မြေဆေးရုံကို ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို ဆယ်ယူဖို့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပြီး သေဆုံးသူ ၁၅ ယောက်နဲ့ ၂၀ ကြားရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ကုန်တင်ကား မောင်းနှင်သူကို ဖမ်းဆီးထားပြီး ယာဉ်တိုက်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
ဒီဒေသမှာပဲ ဘတ်စ်ကား ၂ စီး တိုက်မိပြီးတော့ လူ ၃ ဒါဇင်ကျော် သေဆုံးခဲ့ရတာ ရက်ပိုင်းလောက်ပဲ ခြားသေးတဲ့အချိန်မှာ အခုမတော်တဆမှု ထပ်ပြီးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Source : Reuters