
ဘိုလီးဗီးယားနိုင်ငံမှာ ဘတ်စ်ကားတစီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၃၁ ယောက် သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဘတ်စ်ကားယာဉ်မောင်းဟာ ယာဉ်ကို ထိန်းချုပ်နိုင်မှု ပျောက်ဆုံးသွားတာကြောင့် ယိုကားယာခရိုင် အနောက်တောင်ဘက်ရှိ ချောက်ကမ်းပါးတခုကနေ အောက်ကို မီတာ ၈၀၀ နီးပါး ပြုတ်ကျသွားခဲ့ကြောင်း နယ်မြေခံဆေးရုံမှာရှိနေတဲ့ ရဲအရာရှိတယောက်က ပြောကြားပါတယ်။
ယာဉ်တိမ်းမှောက်မှုမှာ ဒဏ်ရာရသူတွေထဲက လူကြီး ၁၀ ယောက်နဲ့ ကလေး ၄ ယောက်တို့ကို အထူးကြပ်မတ်ကုသဆောင်မှာ ထားရှိထားကြောင်း ဆေးရုံ တာဝန်ရှိသူတယောက်က ပြောကြားခဲ့ပါတယ်။
တောင်တန်းမှ ကားလမ်းကြောင်းဟာ လမ်းအကွေ့အကောက်တွေနဲ့ ပြည့်နှက်နေပြီး ဘတ်စ်ကားရဲ့ အရှိန်ကလည်း ယာဉ်တိုက်မှုဖြစ်နိုင်တဲ့ အကြောင်းရင်းတခု ဖြစ်နိုင်ကြောင်းလည်း အဲဒီရဲအရာရှိက ပြောပါတယ်။
Source : Reuters