
ဘိုလီးဗီးယားနိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူ ၂၄ ယောက် သေဆုံးကာ ရာနဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီးနောက် သတိပေးချက် ထုတ်ပြန်ထားပြီး လာပက်ဇ်ဟာ နိုင်ငံအတွင်း အဆိုးရွားဆုံး ဘေးဒဏ်သင့်ဒေသ ဖြစ်ပါတယ်။
မိုးရွာသွန်းပြီးနောက်မှာ လာပက်ဇ် မြောက်ပိုင်းရှိ တီပွာနီမြို့မှာ မြစ်ရေလျှံမှု ကြုံတွေ့ခဲ့ရပြီး ဒေသခံတွေဟာ ဘုရားကျောင်းမှာ ခိုလှုံနေရကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ဘိုလီးဗီးယား မိုးလေဝသဌာန ဆီနမ်ဟီက တီပွာနီ အပါအဝင် မြစ်တွေ ရေတက်နေကြောင်း သတိပေးဖို့အတွက် ဖေဖော်ဝါရီ ၇ ရက်မှ ၂၂ ရက်အထိ လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
လူ ၂၄ ယောက် သေဆုံးပြီး တယောက် ပျောက်ဆုံးနေကာ ဒေသ ၉ ခုမှာ ၈ ခုက ရာသီဥတု ဆိုးရွားမှုဒဏ်ကို ခံခဲ့ရကြောင်း မြို့ပြကာကွယ်ရေး လက်ထောက်ဝန်ကြီး ဟွမ်န် ကားလို့စ် ကာလ်ဗီမွန်တေစ်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
အခုတလလုံး မိုးဆက်လက်ရွာသွန်းနိုင်ပြီး မတ်လဆန်းပိုင်းအထိ ဖြစ်နိုင်ကြောင်း ဝန်ကြီးက ပြောသွားပါတယ်။
Source : Reuters