
ဂျာမနီနဲ့ ရုရှား နိုင်ငံသား ၂ မျိုး ကိုင်ဆောင်ထားတဲ့ အမျိုးသား ၃ ယောက်ကို ဂျာမနီနိုင်ငံ မြူးနစ်မြို့က အဆင့်မြင့် ဒေသန္တရတရားရုံးမှာ မေ ၂၀ ရက်က ရုံးတင်စစ်ဆေးခဲ့ပါတယ်။
တရားစွဲခံရသူတွေကို ရုရှားနိုင်ငံအတွက် သူလျှိုလုပ်တယ်လို့ စွပ်စွဲထားပါတယ်။ သံသယရှိတဲ့ ခေါင်းဆောင်ကတော့ ဒန်ညက်စ် ပြည်သူ့သမ္မတနိုင်ငံလို့ တကိုယ်တော် ကြေညာထားတဲ့ အကြမ်းဖက် အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်အဖြစ် တရားစွဲထားပါတယ်။
သံသယရှိသူ ၃ ယောက်ထဲက ၂ ယောက်ကို မနှစ် ဧပြီ ၁၇ ရက်က ဂျာမနီနိုင်ငံ၊ ဘိုင်းရိုက်မြို့မှာ ဖမ်းမိခဲ့တာပါ။
သူတို့ထဲက တယောက်က ဒိုင်ယက်တာ အဲ့စ်လို့ နာမည်ပေးထားတဲ့ တိုက်ခိုက်မယ့် အစီအစဉ်တွေကို ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ရုရှားလျှို့ဝှက်အဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ လူတယောက်နဲ့ ဆွေးနွေးနေခဲ့တယ်လို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲ စချိန်ကစပြီး ဂျာမနီက ယူကရိန်းအစိုးရဆီ စစ်ဘက်ဆိုင်ရာ အကူအညီတွေ အများဆုံး ပံ့ပိုးပေးတဲ့နိုင်ငံဖြစ်လာပြီး ရုရှားသူလျှိုစစ်ဆင်ရေးအတွက် အရေးကြီးတဲ့ပစ်မှတ် ဖြစ်လာတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
Source: Reuters