
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း ငြိမ်းချမ်းရေးကို အမှန်တကယ် စိတ်မဝင်စားဘဲ အမေရိကန်နဲ့ ဆွေးနွေးဖို့ အချိန်ဆွဲ လုပ်ဆောင်နေတယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က မေ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ပစ္စတိုးရီးယပ်စ်က “ပူတင်ဟာ လိုက်လျောမှုတရပ်လုပ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ သူ့ရဲ့ စည်းမျဉ်းအရ အပစ်အခတ်ရပ်စဲရေးအကြောင်းပဲ ပြောနေတာပါ။ ဆိုလိုတာက NATO အဖွဲ့ထဲ မ၀င်ရေး၊ သိမ်းပိုက်ခံနယ်မြေတွေကို စွန့်လွှတ်ရေးနဲ့ တခြားအရာတွေလို အကျွမ်းတဝင်ရှိတဲ့ ဝေါဟာရတွေကိုပဲ ပြောနေတာပါ” လို့ ဘယ်လ်ဂျီယံနိုင်ငံ မြို့တော် ဘရပ်ဆဲလ်မှာရှိတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အစည်းအဝေးမတိုင်မီ ပြောပါတယ်။
အထူးသဖြင့် ရုရှားရဲ့ စွမ်းအင်ရောင်းချမှုအပေါ် ပိတ်ဆို့အရေးယူမှုတွေ ပိုမိုချမှတ်ခြင်းအားဖြင့် ဥရောပက ရုရှားအပေါ် ဖိအားတွေတိုးဖို့ လိုတယ်လို့လည်း ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။
Source: Reuters