
ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်မှာ မတ် ၂၉ ရက်က အာဆာ (ARSA) မွတ်ဆလင်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၂၉ ရက်နေ့ မနက် ၇ နာရီလောက်မှာ မောင်တောမြို့နယ်၊ မြဝတီ (ခမီ) ရွာကနေ အောက်ဂန္ဒရူးရွာကို သွားတဲ့အချိန် အာဆာ မွတ်ဆလင်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး မယူတောင်၊ ဘဒဂါးတောင်ကျော်လမ်းမှာ ရုပ်အလောင်းတွေကို စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသွားသူတွေဟာ ဘူးသီးတောင်မြို့နယ်၊ အိုဗြို (ခမီ) ရွာက ဦးမောင်ဘ ( ၄၁ နှစ်)၊ ဂုပ္ပီ (ခမီ) ရွာက မောင်သာအေးကျော် (၁၇ နှစ်)၊ အောက်ဂန္ဒရူး (ခမီ) ရွာက ကိုမောင်ကြီး (၂၅ နှစ်) နဲ့ မောင်တောမြို့နယ်၊ မြဝတီ (ခမီ)ရွာက ကိုအောင်နိုင်ထွန်း ( ၁၉ နှစ်) တို့ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အနှံ့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူတို့ ၄ ယောက်ရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ မတ် ၃၀ ရက်နေ့မှာ တွေ့ရှိခဲ့တာပါ။
ရခိုင်နဲ့ ဘင်္ဂလားဒေရှ်နယ်စပ် မောင်တောဒေသကို ပြီးခဲတဲ့နှစ် ဒီဇင်ဘာလကတည်းက အာရက္ခတပ်တော် (AA) က အပြီးသတ်ထိန်းချုပ်ထားနိုင်ပေမဲ့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းနေတဲ့ ARSA ၊ RSO နဲ့ ARA စတဲ့ မွတ်ဆလင်အကြမ်းဖက် အဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေကို မကြာခဏလုယက်တာ၊ ချုံခိုတိုက်ခိုက်တာလုပ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ကေခိုင်