
မန်ယူအသင်းနဲ့ ပရိသတ်တွေက ဆန္ဒရှိမယ်ဆိုရင် လျော်ကြေးမပေးဘဲ ရာထူးကနေ ထုတ်ပယ်နိုင်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းနဲ့ ပရိသတ်တွေက ထုတ်ပယ်ချင်တဲ့ဆန္ဒရှိရင် လျော်ကြေးမပေးဘဲ ထုတ်ပယ်နိုင်ကြောင်း အာမိုရင်က ပြောသွားတာပါ။
ဒါပေမဲ့ မိမိအနေနဲ့ ရာထူးကနေနုတ်ထွက်ဖို့ ဆန္ဒမရှိဘဲ အသင်းကို ခြေစွမ်းတိုးတက်မှုတွေ ရှိလာအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
ပရီးမီးယားလိဂ်အဆင့် ၁၆ မှာ ရပ်တည်နေတဲ့ မန်ယူအသင်းဟာ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်မယ် ဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်ပေမဲ့ ရှုံးနိမ့်ခဲ့လို့ ဥရောပပြိုင်ပွဲ ကစားခွင့် မရှိတော့တာကြောင့် လာမယ့်ရာသီမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေ ပိုရှိလာနိုင်ကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။