ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် စပါးအသင်းက မန်ယူကိုအနိုင်ယူပြီး အောင်ပွဲခံ (ဓာတ်ပုံ)
DVB
·
May 22, 2025
ဒီမနက်အစာပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ စပါးအသင်းက မန်ယူအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ စပါးအသင်းအနေနဲ့ ၁၇ နှစ်ကြာ ဆုဖလားတွေနဲ့ ဝေးကွာနေရာကနေ ယူရိုပါလိဂ်ဆုဖလားကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ယူနဲ့ စပါးအသင်းတွေဟာ ပရီးမီးယားလိဂ် အဆင့် ၁၆ နဲ့ ၁၇ နေရာတွေမှာ အခြေအနေ ဆိုးဆိုးရွားရွား ရပ်တည်နေကြပြီး ဒီပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းက ဥရောပချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာဖြစ်လို့ အရေးပါတဲ့ ဗိုလ်လုပွဲအဖြစ် သတ်မှတ်ထားကြပါတယ်။
Photo: Reuters