
အမေရိကန်စစ်တပ်ဟာ အီရတ်နဲ့ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ အဘူခါဒီဂျာလို့ သိကြတဲ့ အီရတ်နိုင်ငံရှိ ISIS ထိပ်တန်းခေါင်းဆောင် အဗ္ဗဒလ္လာ မက်ကီ မူစ်လိ အလ်-ရိဖိုင် နဲ့ တခြား ISIS အဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း အမေရိကန် ဗဟိုဌာနချုပ်က မတ် ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
အမေရိကန်စစ်တပ်ဟာ မတ် ၁၃ ရက်က အီရတ်မှာ ISIS ခေါင်းဆောင် သေဆုံးခဲ့ရတဲ့ လေကြောင်း တိုက်ခိုက်မှုကို ပြသတဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
ရိုက်တာကတော့ ဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲ သို့မဟုတ် တည်နေရာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တိုက်ခိုက်မှုအပြီးမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို DNA စစ်ဆေးချက်အရ အဘူခါဒီဂျာ သေဆုံးသွားကြောင်းကို အတည်ပြုခဲ့တယ်လို့ ဗဟိုစစ်ဌာနချုပ်က ပြောကြားပါတယ်။
အဲဒီနောက်ပိုင်းမှာ “အီရတ်မှာထွက်ပြေးနေတဲ့ ISIS ခေါင်းဆောင် ဒီကနေ့ သေသွားပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ် က သူ့ရဲ့ ထရုသ်ဆိုရှယ် မီဒီယာမှာ ပို့စ် တင်ခဲ့ပါတယ်။
အဘူခါဒီဂျာ ဟာ ကမ္ဘာတစ်ဝှမ်းရှိ ISIS မှလုပ်ဆောင်တဲ့ စစ်ဆင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနဲ့ စီစဉ်မှုတွေအတွက် တာဝန်ရှိတဲ့ "Global ISIS #2 ခေါင်းဆောင်" လည်းဖြစ်တယ် လို့ အမေရိကန်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source:Reuters