
တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်ဆိပ်ကမ်းမြို့ရှိ အပန်းဖြေစခန်း ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ကြောင်း ဒေသ မီးသတ်တပ်ဖွဲ့ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
လူပေါင်း ၁၀၀ လောက် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း မီးသတ်အာဏာပိုင်တွေကို ကိုးကားပြီး ယွန်ဟက်ပ် ဒေသတွင်း သတင်းရုပ်သံက ဖော်ပြပါတယ်။
သတင်းဖော်ပြချက်ထဲမှာ လူ ၇ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ ထိခိုက်သေဆုံးမှု အများအပြားရှိမှာကို စိုးရိမ်နေတယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယား ယာယီသမ္မတ ချွဲဆန်းမော့က မီးငြှိမ်းသတ်ရာမှာ ရနိုင်တဲ့ အရင်းအမြစ် အားလုံးကို အသုံးပြုဖို့ အမိန့်ထုတ်ထားတယ်လို့ သူ့ရဲ့ရုံးက ထုတ်ပြန်ပါတယ်။
Source : Reuters