
တိုက်စစ်မှူး ယိုကရက်စ်နဲ့ အာဆင်နယ်တို့ရဲ့ အပြောင်းအရွှေ့ အဆင်မပြေဖြစ်ခဲ့ရင် အငှားချပေးဖို့ စပို့တင်းကို ဖီနာဘာချီ အသင်းက ကမ်းလှမ်းထားတယ် လို့သိရပါတယ်။
အာဆင်နယ်ဟာ ဆွီဒင်တိုက်စစ်မှူး ယိုကရက်ရှ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ သဘောတူညီမှု ရရှိထားပြီး ၅ နှစ်စာချုပ် ချုပ်ဖို့လည်း သဘောတူထားတာပါ။
ဒါပေမဲ့ စပို့တင်းနဲ့ ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်း နေဆဲဖြစ်ပြီး နောက်ဆုံး အချိန်အထိ အဆင်မပြေဘူးဆိုရင် အငှားနဲ့ခေါ်ယူဖို့ ဖီနာဘာချီ အသင်းက တောင်းဆိုထားတာပါ။
တူရကီကလပ်ဟာ လာမယ့်နှစ်ချန်ပီယံလိဂ် ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားရမှာဖြစ်ပြီး ယိုကရက်ရှ်ကို ကြားဖြတ်ခေါ်ယူဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။
Photo: Reuters