သမိုင်းဝင် ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲတွေကို တောင်ကိုရီးယားရောက် ဒီမိုကရေစီအင်အားစုတွေက ဇူလိုင် ၆ ရက်မှာ ဘူဆန်မြို့နဲ့ ဒယ်ဂူးမြို့မှာ ကျင်းပခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ Busan Network၊ RAM အဖွဲ့အစည်းများမှ ဦးဆောင်ကျင်းပတဲ့ ဆန္ဒပြပွဲမှာ မြန်မာ့နွေဦးတက်ကြွလှုပ်ရှားသူတွေအပြင် ကိုရီးယားလူမျိုးတွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်ဟာ တရားမျှတမှုနဲ့ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြတဲ့ ကျောင်းသားတွေကို စစ်အာဏာရှင်က ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်ခဲ့ပြီး သမိုင်းဝင် ရန်ကုန်တက္ကသိုလ်သမဂ္ဂ (တကသ) အဆောက်အအုံကို မိုင်းခွဲဖျက်ဆီးခဲ့တဲ့ သမိုင်းဝင်နေ့ ဖြစ်ပါတယ်။