
ဂျပန်နိုင်ငံဟာ အကြီးဆုံးလက်နက်ပြပွဲကို မေ ၂၁ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ပြည်ပနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ လက်နက်တင်ပို့မှုတို့အတွက် နက်နက်ရှိုင်းရှိုင်း တွန်းအားပေးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး နာခတနိက ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံ မြို့တော် တိုကျိုမြို့အနားက DSEI လို့ခေါ်တဲ့ နိုင်ငံတကာ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စက်ပစ္စည်းပြပွဲမှာ ဂျပန်ဒုံးကျည်တွေ၊ စစ်သင်္ဘောတွေ၊ လေဆာနဲ့ လျှပ်စစ်သံလိုက်သုံး မြန်နှုန်းမြင့် လက်နက်တွေကို သုတေသနပြု ပြသခဲ့ပါတယ်။
ဒီပွဲဟာ ၂၀၂၃ ခုနှစ်မှာ ကျင်းပတဲ့ပွဲရဲ့ အရွယ်အစားထက် နှစ်ဆကြီးပြီး ဂျပန်နိုင်ငံက လုပ်ငန်း ၁၆၉ ခု အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံက ကုမ္ပဏီပေါင်း ၄၇၁ ခု လာရောက်ပူးပေါင်း ပြသခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ကထက် ၂ ဆပိုများတယ်လို့ ပွဲစီစဉ်သူ ကလယ်ရီယွန် ကာကွယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းက ပြောပါတယ်။
စစ်ဘက်ဆိုင်ရာ ပို့ကုန်တားမြစ်ချက်ကို ရုပ်သိမ်းပြီးတဲ့နောက် ဆယ်စုနှစ်တခုအကြာ ဂျပန်နိုင်ငံဟာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက အားပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ ပထမဆုံးခြေလှမ်းကို စတင်လှမ်းတက်နေပြီ ဖြစ်ပါတယ်။
Source: Reuters