
၁၉၇၅ ကနေ ၁၉၇၉ ခုနှစ်ကြား ခမာနီအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုကို အောက်မေ့ဖွယ်နေ့အဖြစ် နှစ်စဉ် မေ ၂၀ ရက်နေ့မှာ သတိရခြင်းနေ့ကို ကျင်းပခဲ့ပါတယ်။
ဒီနှစ် မေ ၂၀ ရက်မှာတော့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်နေ့ကို ကမ္ဘောဒီးယား နိုင်ငံသားတွေက ဂုဏ်ပြုခဲ့ကြပါတယ်။
ဖနွမ်းပင်မြို့ အုပ်ချုပ်ရေးမှူး ကုံ စာရဲန်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့အတူ ရာနဲ့ချီတဲ့လူတွေ၊ ရဟန်းသံဃာတော်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
ခမာနီတို့ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း လူသတ်တဲ့ နေရာတခုအဖြစ် သုံးခဲ့တဲ့ ချုံးအက်ခ် လူမျိုးတုံး သုတ်သင်ရေးဌာနမှာ လူပေါင်း ရာချီပြီး လာရောက်ဂါရဝပြုခဲ့ကြပါတယ်။
အသက် ၇၀ အရွယ် ဆုတ်က် စီမွန်လို ကမ္ဘောဒီးယား နိုင်ငံသားတွေအတွက် ဒီနေ့ခေတ်နဲ့ ကိုယ့်နိုင်ငံသမိုင်းကြောင်းကို မျိုးဆက်သစ်လူငယ်တွေ သိဖို့ အရေးကြီးနေပါတယ်။
“ဒါက တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့ အစိုးရဖြစ်လို့ ဒါမျိုး တကျော့ပြန် ဖြစ်မလာအောင် တားဖို့နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေဖို့ လုပ်ကို လုပ်ရမယ်ဆိုတာကို မျိုးဆက်သစ် လူငယ်တွေကို မေတ္တာရပ်ခံပါတယ်။ ငြိမ်းချမ်းရေးကို မဖျက်ဆီးဘဲ ငြိမ်းချမ်းရေးကို ကာကွယ်ရမယ်။ အားလုံးက ငြိမ်းချမ်းရေးကို ကာကွယ်မှသာ အနာဂတ်မှာ လွတ်လပ်မှု၊ ပျော်ရွှင်မှုတွေ ရမှာပါ” လို့ ဆုတ်က်စီမွန်က ပြောခဲ့ပါတယ်။
Source: Reuters