
ပုပ်ရဟန်းမင်းကြီး လီယိုဟာ ယူကရိန်း-ရုရှား စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးမှုကို ဗာတီကန်မှာ ပြုလုပ်စေချင်တယ်လို့ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာမီလိုနီက ပြောပါတယ်။
ပုပ်ရဟန်းမင်း လီယိုဟာ ငြိမ်းချမ်းရေးအတွက် လာမယ့်ဆွေးနွေးပွဲကို ဗာတီကန်မှာ ပြုလုပ်စေချင်တယ်လို့ မီလိုနီက အတည်ပြုလိုက်တာပါ။
မေ ၁၉ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ပူတင်တို့ ဖုန်းခေါ်ဆိုပြီးနောက် ထရမ့်ပ်က ဗာတီကန်ကို ဆွေးနွေးမယ့်နေရာအဖြစ် အကြံပေးမှုကို အီတလီဝန်ကြီးချုပ်ကလည်း ထောက်ခံပါတယ််
ပြီးခဲ့တဲ့ ၂ ပတ်က ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်နိုင်ငံက ပထမဆုံး ရွေးချယ်ခံရပြီးနောက် လီယို ၁၄ က ဗာတီကန်ဟာ ကမ္ဘာ့ပြဿနာတွေကို ဖျန်ဖြေပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
အီတလီဝန်ကြီးချုပ်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အကူအညီပေးဖို့ အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။
ရုရှားနဲ့ ယူကရိန်း တိုက်ရိုက်ဆွေးနွေးဖြစ်ပါက ယူကရိန်းနိုင်ငံကလည်း ဗာတီကန်မှာ တွေ့မယ့်ပုံ ရှိပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက မီလိုနီနဲ့ ဆွေးနွေးမယ့်နေရာနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တဲ့အကြောင်း ဆိုရှယ်မီဒီယာ X မှာ ပို့စ်တင်ထားပါတယ်။
မီလိုနီဟာ ဇလန်းစကီး အပါအဝင် တခြား ဥရောပခေါင်းဆောင်တွေနဲ့လည်း ဆွေးနွေးမှု ပြုလုပ်ခဲ့တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source: Reuters