
မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဘေးဒဏ် ထိခိုက်ခံစားခဲ့ရတဲ့ နေရာတွေမှာ ထောက်ပံ့ကူညီသွားနိုင်ဖို့ ရည်ရွယ်တဲ့ မှတ်တမ်းရုပ်ရှင်ပြပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၁၂ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ပြပွဲမှာတော့ Myanmar Diaries နဲ့ Resisters in Borderland ဆိုတဲ့ မှတ်တမ်း ရုပ်ရှင် ၂ ကား ကို ပြသခဲ့တာပါ။
ပွဲစီစဉ်သူ မက်က“လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ငလျင်ဘေးအတွက် ကူညီပေးနေတဲ့ အဖွဲ့တွေကို ရန်ပုံငွေရှာပြီး တတ်နိုင်သလောက် ကူညီချင်ပါတယ်။ ဒီလို ကူညီခြင်းအားဖြင့် ထိခိုက်အပျက်အစီးတွေနည်းသွားမယ်၊ သန့်ရှင်းတဲ့ အစားအစာတွေ၊ သောက်ရေတွေ ရရှိနိုင်မယ်” လို့ ပြောပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်ပြပွဲကနေ ရရှိလာတဲ့ အကျိုးအမြတ်အားလုံးကို ယုံကြည်စိတ်ချရတဲ့ လူမှုအသိုက်အဝန်းကနေတဆင့် တကယ်ထိရောက်မှုရှိအောင် လိုအပ်နေတဲ့နေရာတွေကိုပဲ အကူအညီတွေ ရောက်ရှိအောင် လှူဒါန်းသွားမယ်လို့လည်း ပွဲစီစဉ်သူတွေက ပြောကြပါတယ်။