Home
မြန်မာသတင်း
ဝန်းသိုကို စစ်တပ်ဗုံးကြဲ၊ ကလေးများအပါအဝင် ၂၀ ကျော်သေဆုံး
DVB
·
April 9, 2025
WUNTHO09042025 (9)

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်ကောင်စီတပ်က ဧပြီ ၉ ရက် ဒီနေ့ လေကြောင်းကနေ ၅ ကြိမ်တိုက်ခိုက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူအယောက် ၂၀ ကျော်သေဆုံးခဲ့ပါတယ်။

ညနေ ၃ နာရီလောက်မှာ ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ပြီး ၄ ကြိမ်ဗုံးကြဲတိုက်ခိုက် ပစ်ခတ်ခဲ့တယ်လို့ ကောလင်းသတင်းတွေဖော်ပြပေးနေတဲ့ Kawlin Info တာဝန်ရှိသူက ပြောပါတယ်။

“ကလေးငယ်တွေပါတယ်။ ၂၀ ကျော်နေပြီ လောလောဆယ် သေဆုံးမှု၊ ရှာဖွေနေတုန်း၊ ထိခိုက်ပျက်စီးမှုက တော်တော်များတယ်” လို့ ပြောပါတယ်။

ညနေ ၆ နာရီလောက်မှာလည်း မိတ္ထီလာ ရှမ်းတဲလေတပ်ကတက်လာတဲ့လေယာဉ်နဲ့ နမ်းခမ်းရွာကို နောက်ထပ် ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ပျက်စီးထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Photo - Kawlin Info

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024