
မြန်မာပြည်တွင်းမှု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးရဲ့ နောက်ဆက်တွဲအဖြစ် မတ် ၃၁ ရက် ဒီနေ့မှာ ငလျင်ငယ် ၉ ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသဌာနက ထုတ်ပြန်ပါတယ်။
ဒီမနက်အစောပိုင်း ၁၂ နာရီက အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့၊ မနက် ၆ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ နဲ့ ပဲခူးတိုင်း သာဂရမြို့၊ မနက် ၆ နာရီခွဲလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ နဲ့ မန္တလေးတိုင်း နွားထိုးကြီး၊ မနက် ၉ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ နဲ့ မန္တလေးတိုင်း စဉ့်ကိုင်၊ မနက် ၉ နာရီခွဲလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ နဲ့ မန္တလေးတိုင်း ပြင်ဦးလွင်၊ မနက် ၁၀ နာရီခွဲလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ နဲ့ ပဲခူးတိုင်း တောင်ငူ၊ နေ့လယ် ၁၂ နာရီကျော်က အင်အား ရစ်ချ်တာစကေး ၃ နဲ့ ပဲခူးတိုင်း တောင်ငူ၊ မွန်းလွဲ ၃ နာရီလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၅ နဲ့ နေပြည်တော် တပ်ကုန်း၊ ညနေ ၄ နာရီခွဲလောက်က အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၆ နဲ့ ပဲခူးတိုင်း ရေတာရှည်မြို့မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြီး အပါအဝင် နောက်ဆက်တွဲ ငလျင်ပေါင်း ၄၃ ကြိမ် လှုပ်ခတ်ခဲ့ပြီး မနေ့တုန်းကတော့ အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၂ အဆင့်ရှိတဲ့ ငလျင်တကြိမ်၊ မတ် ၂၉ ရက်က အင်အား ရစ်ချ်တာစကေး ၅ ဒသမ ၉၊ ၅ နဲ့ ၄ ဒသမ ၃ ရှိတဲ့ ငလျင်တွေကလွဲလို့ ကျန်တဲ့ငလျင်တွေဟာ အင်အား ရစ်ချ်တာစကေး ၄ ရဲ့အောက်မှာပဲ ရှိနေပါတယ်။