
ရုရှားနိုင်ငံ မော်စကိုဒေသကို ယူကရိန်းက ဒရုန်းတိုက်ခိုက်လို့ ၃ ယောက်မြောက် လူတယောက် သေဆုံးခဲ့တယ်လို့ ဒိုမိုဒေဒိုဗိုမြို့ အကြီးအကဲ အိဗ်ဂျင်းနီယာ ခရပ်ရှ်စတာယေဗာက မတ် ၁၁ ရက်မှာ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်ကနေ ပြောပါတယ်။
ယူကရိန်းစစ်တပ်က မော်စကိုမြို့ကို အင်္ဂါနေ့ကလုပ်ခဲ့တဲ့ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုကြောင့် အသားဂိုဒေါင်တခုမှာ အလုပ်သမား ၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့တာပါ။
ရုရှားနိုင်ငံ မြို့တော်က လေဆိပ် ၄ ခုကို ခဏပိတ်ထားရတယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။
ယူကရိန်း မောင်းသူမဲ့လေယာဉ် ၉၁ စင်းကို မော်စကိုဒေသမှာ၊ ယူကရိန်းတပ်ဖွဲ့တွေ ပြန်ဆုတ်နေတဲ့ ကာ့က်စ်ဒေသမှာ ၁၂၆ စင်း အပါအဝင် ရုရှားနိုင်ငံထဲမှာ ယူကရိန်း မောင်းသူမဲ့လေယာဉ် စုစုပေါင်း ၃၃၇ စင်း ပျက်ကျခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
၃ နှစ်ကြာ စစ်ပွဲအတွင်း ဖြစ်နိုင်ခြေရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အရင်းအနှီးရှာဖို့ ယူကရိန်းအရာရှိ အဖွဲ့တဖွဲ့ဟာ ဆော်ဒီအာရေဗျမှာ အမေရိကန်အဖွဲ့တဖွဲ့နဲ့ တွေ့ဖို့ ပြင်နေချိန်မှာ မောင်းသူမဲ့လေယာဉ်နဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့တာပါ။
ရုရှားနိုင်ငံ အနောက်ဘက်ခြမ်း ကာ့က်စ်ဒေသမှာ ထောင်နဲ့ချီတဲ့ ယူကရိန်းစစ်သားတွေကို ဝန်းရံပိတ်ဆို့ဖို့ ရုရှားစစ်သားတွေက ကြိုးစားနေပါတယ်။
Source : Reuters