
အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာလည်း ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလား မရနိုင်ကြောင်း မန်ယူအသင်းဂန္ထဝင်ကွင်းလယ်လူ ရွိင်ကိန်းက သုံးသပ်ပြောပါတယ်။
မန်ယူအသင်းနဲ့ တဂိုးစီသရေကျေတဲ့ပွဲစဉ်အပြီးမှာ အာဆင်နယ်အနေနဲ့ အခုနှစ်ရာသီ ချန်ပီယံမျှော်လင့်ချက် ပြီးဆုံးသွားပြီဖြစ်သလို လာမယ့်ရာသီမှာလည်း ချန်ပီယံဖြစ်ဖို့ မရှိကြောင်း ရွိင်ကိန်းက သုံးသပ်ခဲ့တာပါ။
အာဆင်နယ်အနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ချန်ပီယံဆုနဲ့ နီးစပ်ခဲ့တာမှန်ပေမဲ့ လာမယ့်ရာသီမှာ မန်စီးတီးက တောင့်တင်းတဲ့အသင်း ဖြစ်လာမှာဖြစ်သလို လီဗာပူးကလည်း ပိုကောင်းလာဖို့ရှိတာကြောင့် လာမယ့်ရာသီမှာ ဆုဖလားမရနိုင်သေးကြောင်း ရွိင်ကိန်းက ပြောပါတယ်။
အာဆင်နယ်အတွက် တရာသီ ဂိုး ၂၀ လောက်သွင်းနိုင်မယ့်သူ ခေါ်ယူနိုင်မယ်ဆိုရင်လည်း စိတ်ပိုင်းဆိုင်ရာ အားနည်းမှုက ချန်ပီယံဆုနဲ့ ဝေးကွာသွားလိမ့်မယ်လို့ ရွိုင်ကိန်းက သုံးသပ်သွားပါတယ်။