Home
နိုင်ငံတကာ
တရုတ်စီးပွားရေး ၅ ရာခိုင်နှုန်းတိုးတက်ရန် ပစ်မှတ်ထား
DVB
·
March 5, 2025
Photo: REUTERS/Go Nakamura

တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်အတွင်း စီးပွားရေး ၅ ရာခိုင်နှုန်း တိုးတက်ဖို့ ပစ်မှတ်ထားနေတာကို မပြောင်းလဲကြောင်း နှစ်ပတ်လည် အမျိုးသားပြည်သူ့ကွန်ဂရက် စတင်တဲ့နေ့မှာပဲ ဝန်ကြီးချုပ် လီချန်းက ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်နေတဲ့အချိန်မှာ ဒေါ်လာဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်သလို စီးပွားရေးတိုးတက်မှုနှုန်းကိုလည်း တိုးမြှင့်ဖို့ တရုတ်နိုင်ငံက ဆန္ဒရှိနေတာပါ။

တရုတ်နိုင်ငံဟာ ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းစိန်ခေါ်မှုတွေနဲ့ ပြင်ပဖိအားတွေ ရှိခဲ့ပေမဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေနဲ့ လူမူဖွံ့ဖြိုးရေးတွေ အောင်မြင်အောင် လုပ်နိုင်ခဲ့တယ်လို့ လီက ပြောပါတယ်။

အမေရိကန်ရဲ့ ပြည်ပသွင်းကုန်ခွန်တိုးမြှင့်မှုနဲ့ ကမ္ဘာရဲ့ အရွှေ့ကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ရင်းနှီးမြှုပ်နှံမှုတွေ ပိုလုပ်မယ်လို့ လီက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ဘီလီယံချီတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ်ဆိုတာနဲ့ စီးပွားရေး ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ ကိစ္စကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့ရဲ့ အခွန်တိုးမြှင့် ကောက်ခံတာက တရုတ်နိုင်ငံရဲ့ စက်ရုံကဏ္ဍတွေအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတခုပါ။

တရုတ်နိုင်ငံအတွက် ဝင်ငွေပိုကောင်းအောင်လုပ်ဖို့က အဓိကတွန်းအားဖြစ်ပြီး ပြည်ပပို့ကုန်အပေါ် မှီခိုနေရမှုနဲ့ ဖွံ့ဖြိုးအောင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မှုကို လျှော့ချရမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ အမျိုးသားပြည်သူ့လွှတ်တော်မှာ တရုတ်နိုင်ငံရဲ့ အစီအစဉ်ကို ပြသခဲ့ပြီး ၂၀၂၄ မှာ လိုငွေပြမှု ၃ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်မှာ ဘတ်ဂျက်လိုငွေ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်က တရုတ်နိုင်ငံကို အခွန်တိုးမြှင့်မှု ထပ်လုပ်ထားတာက ၂၀ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။

တရုတ်နိုင်ငံကလည်း အမေရိကန်ရဲ့ ပို့ကုန်တွေဖြစ်တဲ့ ပြောင်း၊ ဂျုံနဲ့ ပဲပိစပ်တို့လိုမျိုး ကုန်တွေကို အခွန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ကြေညာထားပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024