
ကမ္ဘာ့ပထမဆုံး လိင်တူစုံမက်သူ မွတ်စလင် ရှေ့ဆောင်ဗလီဆရာလို့ လူသိများတဲ့ မူဟာဆင် ဟန်းဒရစ်စ်ဟာ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက တောင်အာဖရိကနိုင်ငံမှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၅၇ နှစ်ရှိ ကိတ်တောင်းမြို့က ဗလီဝတ်ကျောင်းတော်တခုမှာ အီမန်ဖတ်သူ ဗလီဆရာဟာ တောင်ပိုင်းမြို့ ကယ်ဘာဟာနားမှာ ချုံခိုတိုက်ခိုက်ခံရလို့ သေဆုံးသွားခဲ့ပါတယ်။
ဟန်းဒရစ် စီးလာတဲ့ကားကို မျက်နှာဖုံးစွပ် အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လုံခြုံရေးဗီဒီယိုမှာ ရိုက်ကူးထားတဲ့ ဒီတိုက်ခိုက်မှုဟာ LGBTQ+ အသိုက်အဝန်းနဲ့ တခြား အသိုင်းအ၀ိုင်းတလျှောက် တုန်လှုပ်ချောက်ချားသွားစေခဲ့တာပါ။
တချို့က အမုန်းတရားဖြစ်စေတဲ့ ရာဇ၀တ်မှုနဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။
အစ္စလမ်ဘာသာရဲ့ ရိုးရာဘာသာပြန်ဆိုချက်တွေကို စိန်ခေါ်ခြင်းအတွက် လူသိများတဲ့ ဟန်းဒရစ်ဟာ အားလုံး ပါဝင်နိုင်တဲ့ ယုံကြည်ခြင်းကို ရခဲ့ပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံရဲ့ တိုးတက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ LGBTQ+ အခွင့်အရေးတွေကို အကာအကွယ်ပေးထားပေမဲ့ နိုင်ငံတွင်းမှာ လူမှုအသိုင်းအဝိုင်းအပေါ် ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုနှုန်း မြင့်မားဆဲဖြစ်ပါတယ်။
Source : Reuters