
လီဗာပူးရဲ့ တိုက်စစ်ကစားသမား မိုဆာလာဟာ စီရော်နယ်ဒိုလိုပဲ လူငယ်တွေအတွက် အတုယူစရာ စံပြ ကစားသမားဖြစ်တယ်လို့ နည်းပြအာနဲစလော့က နိူင်းယှဉ်ချီးကျူးသွားပါတယ်။
ဆာလာဟာ အသက် ၃၂ နှစ်အရွယ်ရောက်နေပြီဖြစ်ပေမဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ကို ဆက်ထိန်းထားနေဆဲဖြစ် ပြီး ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ၂၂ ဂိုးသွင်း၊ ၁၄ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ထားတာပါ။
ဆာလာရဲ့ ကြံ့ခိုင်မှုနဲ့ ဘောလုံးကျွမ်းကျင်မှုတွေက ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး ၃ ရက်ကို ၁ ပွဲကစားနိုင်တဲ့ သက်လုံလည်း ရှိနေဆဲဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ဒီလိုကစားနိုင်တာက ဆာလာ တယောက်တည်း ရှိတာတော့မဟုတ်ဘဲ စီရော်နယ်ဒိုလို ကစားသမားဟာလည်း အလားတူကစားနိုင်တဲ့သူဖြစ်ကြောင်း၊ ဆာလာဟာ စီရော်နယ်ဒိုလိုပဲ လူငယ်တွေအတွက် အတုယူစရာ စံပြကစားသမားဖြစ်ကြောင်း နည်းပြ အာနဲစလော့က နှိုင်းယှဉ်ချီးကျူးသွားခဲ့ပါတယ်။