
အမေရိကန်ရဲ့ လောင်စာဆီနဲ့ ဓာတ်ငွေ့တွေ ထုတ်လုပ်မှု တိုးချဲ့ဖို့ စွမ်းအင်သစ်ကောင်စီဖွဲ့ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က သောကြာနေ့က ညွှန်ကြားချက်တခု လက်မှတ်ရေးထိုးခဲ့ကာ စွမ်းအင်သစ်ကောင်စီအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး ဘာဂန်က ဦးဆောင်ရမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ ရုပ်ကြွင်းလောင်စာ ထုတ်လုပ်မှုနိုင်ငံတွေအနက် ကမ္ဘာ့အကြီးဆုံး ထုတ်လုပ်သူ ဖြစ်ခဲ့ပြီး လောင်စာဆီနဲ့ ဓာတ်ငွေ့တွေ တိုးမြှင့်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဘိုင်ဒင် လက်ထက်မှာ ဖယ်ထားတဲ့ ဖက်ဒရယ်ရေပြင် ဧက သန်း ၆၀၀ ကျော်ကို လောင်စာဆီနဲ့ ဓာတ်ငွေ့တိုးထုတ်ဖို့ ဖွင့်ပေးလိုက်ပြီးလို့ ထရမ့်ပ်က ပြောပါတယ်။
သောကြာနေ့က ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က လူဝီဆီရားနားပြည်နယ်မှာ LNG ကို သဘာဝဓာတ်ငွေ့သန့်စင်ရေးလိုင်စင် ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က သမ္မတဟောင်း ဘိုင်ဒင် ရပ်ထားတဲ့ သယံဇာတထုတ်ယူခွင့်ကို ပထမဆုံး ခွင့်ပြုခဲ့တာပဲ ဖြစ်ပါတယ်။
ထရမ့်ပ်က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ဒုတိယအကြိမ် တာဝန်ယူတဲ့ နေ့ ညနေမှာပဲ အချိန်မှာပဲ LNGရဲ့ ကုန်သွယ်ရေး ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးခဲ့ပါတယ်။ LNG ဟာ ခွင့်ပြုချက်ရဖို့ အခြားကုမ္ပဏီတွေထက် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။
LNG ဟာ အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်မရှိတဲ့ နိုင်ငံတွေနဲ့ ကူးသန်းရောင်းဝယ်ရေးလုပ်ဖို့ လူဝီဆီရားနားမှာ ၉ ဒသမ ၅ သန်းတန် စက်ရုံတည်ဆောက်ဖို့ ဆန္ဒရှိနေပါတယ်။
ပန်ဆယ်ဗေးနီးယားကနေ နယူးယော့ခ်မြို့ကို သွယ်တန်းမယ့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှု ထောက်ခံချက်ရဖို့ လုပ်ဆောင်နေတယ်လို့ ထရမ့်ပ်က ပြောပါတယ်။ ထရမ့်ပ်ဟာ ဒေသတွင်း စွမ်းအင် သုံးစွဲမှုမှာ ကုန်ကျစရိတ် လျှော့ချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
Source: Reuters