Home
နိုင်ငံတကာ
ဘရာဇီးတွင် မိုးသည်းမြေပြိုပြီး လူ ၇ ဦး ထက်မနည်း သေဆုံး 
DVB
·
January 13, 2025
Photo : @tmjaum VIA INSTAGRAM / LUCAS GUSTAVO

ဘရာဇီးနိုင်ငံ၊ မီနပ်စ် ဂျေရိုင်းစ်ပြည်နယ်၊ အီပါချင်ဂါမြို့မှာ ဇန်နဝါရီ ၁၂ ရက်က မိုးသည်းပြီးတဲ့နောက် အပြင်းအထန် မြေပြိုခဲ့လို့ လူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

တနာရီအတွင်း မိုးရေချိန် ၈၀ မီလီမီတာ ရွာသွန်းခဲ့တာပါ။ ရေလွှမ်းမိုးမှုကြောင့် နေရာအနှံ့ မြေပြိုခဲ့ပြီး မြို့တော်မှာ ရက်ပေါင်း ၁၈၀ ကြာမယ့် အများပြည်သူ ကပ်ဘေးသင့် အခြေအနေအဖြစ် ကြေညာခဲ့ရပါတယ်။

အပျက်အစီးတွေကြားမှာ ပျောက်ဆုံးနေသူ ၄ ယောက်ကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်ရှာနေပြီး အိုးမဲ့အိမ်မဲ့ဖြစ်သူတွေအတွက် ယာယီအမိုးအကာတွေ စီစဉ်ပေးထားပါတယ်။

မီနပ်စ်ဂျေရိုင်းစ် ပြည်နယ်အုပ်ချုပ်ရေးမှူး ဟိုမေးဇေမာက ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြီးကြပ်ဖို့ ဘေးဒဏ်သင့်ဒေသတွေဆီ သွားရောက်လည်ပတ်ဖို့ ရည်ရွယ်ထားတယ်လို့ ကြေညာခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024