Home
နိုင်ငံတကာ
ကုလအကူအညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ် အရှေ့အလယ်ပိုင်းဒေသကို သွားမည်
DVB
·
October 17, 2023
MARTIN GRIFFITHS_17102023

ပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်း‌မြောင်မှာ အကူအညီတွေ ရောက်ရှိရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေကို ပံ့ပိုးဖို့ အရှေ့အလယ်ပိုင်းဒေသကို သွားမယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ်က အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။

ဂရစ်ဖစ်သ်စ်က သူ့ရုံးဟာ အစ္စရေး၊ အီဂျစ်နဲ့ တခြားနိုင်ငံတွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

“အီဂျစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ကျနော်တို့ကို ကူညီပေးဖို့ သူတို့ကို ဖိအားပေးဖို့ မနက်ဖြန်ကျရင် ကိုင်ရိုမြို့ကို သွားမယ်” လို့ သူက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြောခဲ့ပါတယ်။

အရပ်ဘက် အခြေခံအဆောက်အအုံတွေကို မတိုက်ခိုက်ဖို့နဲ့ အရပ်သားတွေကို ပိုကာကွယ်ဖို့ ဂရစ်ဖစ်သ်စ်က တိုက်တွန်းခဲ့ပါတယ်။

“စစ်ပွဲရဲ့ စည်းမျဉ်းတွေက စစ်ပွဲတွင်း လုပ်ရပ်တွေနဲ့ ကွဲလွဲနေတာ မဟုတ်ဘူး။ စည်းမျဉ်းတွေ ဆိုတာဟာ အရပ်သားတွေနဲ့ ပတ်သက်ရင် အဲဒီလုပ်ရပ်တွေကို ထိန်းချုပ်ဖို့ နည်းလမ်းတွေပဲ” လို့လည်း သူက ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024