Home
နိုင်ငံတကာ
သေဆုံးပြီဟု သတင်းထွက်နေသည့် ရုရှားရေတပ် တပ်မှူးနှင့် မေးမြန်းခန်း ရုရှားရုပ်သံ ထုတ်လွှင့်
DVB
·
September 28, 2023
Russia black sea navy commander_Reuters_28092023

ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ လက်အောက်ခံ ရုပ်မြင်သံကြားဌာနဟာ ပင်လယ်နက် ရေတပ်အခြေစိုက်စခန်းရဲ့ တပ်မှူး ဗစ်တာ ဆက်ကာလာ့ဗ်နဲ့ လူတွေ့မေးမြန်းခန်း ရုပ်သံကို စက်တင်ဘာ ၂၇ ရက်က ထုတ်လွှင့်လိုက်ပါတယ်။

ခရိုင်းမီးယားဒေသက ရုရှားရေတပ်ဌာနချုပ်ကို ယူကရိန်းက ဒုံးကျည်နဲ့ ပစ်ခတ်မှုမှာ  သေဆုံးသွားပြီလို့ ယူကရိန်းက ထုတ်ဖော်ပြောဆိုပြီးတဲ့နောက် ရက်ပိုင်းအကြာမှာ ဒီဗီဒီယိုကို ပြသခဲ့တာပါ။

ဗီဒီယိုထဲမှာ ဆက်ကာလာ့ဗ်က ပင်လယ်နက်ရေတပ် ရေယာဉ်စုဟာ အောင်အောင်မြင်မြင် အလုပ်ဖြစ်နေတယ်လို့ ပြောထားပါတယ်။

စက်တင်ဘာ ၂၂ ရက်က ယူကရိန်းရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအပြီးမှာမှ ဒီဗီဒီယိုဖိုင်ကို ရိုက်ကူးထားတာ ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်တင်ဘာ ၁၈ ရက်က ပြီးဆုံးခဲ့တဲ့ ရုရှား စစ်တပ်ဘောလုံးအသင်းတွေအတွက် ဘောလုံးပြိုင်ပွဲမှာ ပင်လယ်နက်ရေတပ်က ဘောလုံးအသင်းဝင်တွေကို ဂုဏ်ပြုတဲ့ ဆုပေးပွဲတခုမှာ ဆက်ကာလာ့ဗ်ကို ပြသခဲ့တာလို့ စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှု ဖြစ်နိုင်ခြေကို ရည်ညွှန်းရင်း ဆိပ်ကမ်းမြို့ရဲ့ လူသိများတဲ့ ဖြစ်ရပ်တွေကြောင့် ဆီဗက်စတိုပိုမြို့က ဆုပေးပွဲအခမ်းအနားကို ရွှေ့ဆိုင်းခဲ့တယ်လို့ ရုပ်မြင်သံကြား သတင်းကြေညာသူက ဆက်ကာလာ့ဗ်ကို ထောက်ပြ သတင်းဖတ်ကြားခဲ့ပါတယ်။

“ဆုပေးပွဲအခမ်းအနားကို ရွှေ့ဆိုင်းထားတယ်။ ကျနော်တို့ အလုပ်များပြီး ရက်နည်းနည်း ရွှေ့ဆိုင်းခဲ့ရတယ်” လို့ ဆက်ကာလာ့ဗ်က ရုပ်သံထဲမှာ တုံ့ပြန်ဖြေကြားထားပါတယ်။

ခရိုင်းမီးယားဒေသ ဆီဗက်စတိုပိုဆိပ်ကမ်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားရဲ့ ပင်လယ်နက် ရေတပ်ဌာနချုပ်ကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ရာမှာ ဆက်ကာလာ့ဗ်ဟာ တခြားအရာရှိ ၃၃ ဦးနဲ့ အတူ သေဆုံးခဲ့တယ်လို့ ယူကရိန်းအထူးတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024