Home
နိုင်ငံတကာ
အမေရိကန်နှင့် ယူကရိန်း ပူးပေါင်း လက်နက်ထုတ်မည်
DVB
·
September 25, 2023
Zelenskiy_Reuters_25092023

အမေရိကန်နိုင်ငံဟာ ယူကရိန်းနဲ့ပူးပေါင်းပြီး လက်နက်ထုတ်လုပ်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက စက်တင်ဘာ ၂၅ ရက်ည မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဇလန်းစကီးဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံ ခရီးစဉ်တွေကနေ ပြန်လည်ရောက်ရှိလာပြီး အခု သဘောတူညီမှုဟာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကနေ ကာကွယ်ဖို့ ယူကရိန်းအတွက် အရေးပါတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပါဝင်တယ်လို့ ထပ်လောင်း ပြောကြားပါတယ်။

သုံးလကြာ တန်ပြန်ထိုးစစ် ဆင်နိုင်ခဲ့တဲ့ နယ်ပယ် ၂ ခုစလုံးအတွက် ယူကရိန်းတပ်ဖွဲ့တွေကိုလည်း ချီးကျူးခဲ့ပေမဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အရာတွေကိုတော့ အရိပ်အမြွက် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ယူကရိန်းတောင်ပိုင်း ခါဆွန်ဒေသမှာ တနင်္ဂနွေနေ့က ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး အနည်းဆုံး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရက ပြောကြားအပြီးမှာ အခုလို ဇလန်းစကီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ခါဆွန်ဒေသမှာ လေကြောင်းတိုက်ခိုက်ခံရမှုတခုကြောင့် လူထိခိုက်မှုတွေရှိခဲ့ပြီး အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024