Home
နိုင်ငံတကာ
တောင်ကိုရီးယားက လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေး စစ်ရေးလေ့ကျင့်
DVB
·
August 23, 2023
South Korea air raid drill_Reuters_23082023

မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေတဲ့ကြားမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ ရှားရှားပါးပါး လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဒေသစံတော်ချိန် နေ့လယ် ၂ နာရီက ဆိုးလ်မြို့မှာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သတိပေး ဥသြသံ ထွက်ပေါ်လာပြီး လူတွေကို သတိပေးချက် မဖြေလျှော့ခင် ၁၅ မိနစ်လောက် လမ်းပေါ်ထွက်နေကြဖို့ တောင်းဆိုခဲ့ပါတယ်။

လမ်းသွားလမ်းလာတွေကို သတ်မှတ်ထားတဲ့ အမိုးအကာ သို့မဟုတ် အနီးနားရှိ မြေအောက်နေရာတွေကို ပို့ဆောင်ခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဧရိယာ ၂၀၀ လောက်က ယာဉ်မောင်းတွေဟာ ကားတွေကို လမ်းဘေးဆွဲချ ရပ်ထားခဲ့ကြပါတယ်။

ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အများသူငါ သယ်ယူပို့ဆောင်ရေးတို့ကတော့ ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်ခဲ့ကြပါတယ်။

ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယား တိုက်ခိုက်မှု သို့မဟုတ် တခြားအခြေအနေတွေ အပေါ် တုံ့ပြန်မှုတွေ တိုးတက်စေဖို့အတွက် တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေ သြဂုတ် ၂၁ ရက်က စတင်ခဲ့တဲ့ အူလ်ချီ လွတ်လပ်ရေးဒိုင်း လေ့ကျင့်မှုနဲ့အတူ နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အူလ်ချီ အရပ်ဘက်ကာကွယ်ရေး လေ့ကျင့်ခန်းရဲ့ အဓိကကျတဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024