![](https://burmese.dvb.no//wp-content/uploads/2023/08/DVB-International-News-10.jpg)
ယူကရိန်းနိုင်ငံ ဇာပိုရစ်ချ်ဇီယာမြို့မှာ သြဂုတ် ၉ ရက်က ရုရှားရဲ့ ဒုံးကျည်နဲ့ တိုက်ခိုက်မှုအတွင်း လူ ၂ ဦး သေဆုံးကာ နောက်ထပ် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက အတည်ပြုပါတယ်။
ဒီဖြစ်ရပ်အတွင်း သေဆုံးသူ ၃ ဦးအထိ ရှိတယ်လို့ ယူကရိန်း အာဏာပိုင်တွေက အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ဇွန်လ အစောပိုင်းတုန်းက ယူကရိန်းရဲ့ တန်ပြန်ထိုးစစ်တွေ စတင်ခဲ့ပြီးနောက် ရှေ့တန်းမြို့ငယ်တခုဖြစ်တဲ့ အော်ရီခိဗ်မှာ မကြာသေးမီ ရက်သတ္တပတ်အတွင်း အပြင်းထန်ဆုံး တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ လူမနေတော့တဲ့ ဒီမြို့ငယ်လေးထဲက အထပ်မြင့်တိုက်တွေရဲ့ မီးကျွမ်းနံရံတွေကို အနှံ့အပြား တွေ့ရနိုင်ပါတယ်။
ဒါ့အပြင် ရုရှားရဲ့ တိုက်ခိုက်မှုတွေက အော်ရီခိဗ်မြို့မှာ နေ့စဉ်ရှိနေသလို ပေါက်ကွဲသံတွေကလည်း မြို့လှုပ်ခါသွားတဲ့အထိ ပြင်းထန်တယ်လို့ ဒေသဆိုင်ရာ ရဲချုပ်က မှတ်ချက်ပေးပါတယ်။
သြဂုတ် ၁၀ ရက် ညနေပိုင်းမှာလည်း ဇာပိုရစ်ချ်ဇီယာမြို့ရှိ ဟိုတယ်တခုကို ရုရှားဘက်က တိုက်ခိုက်ခဲ့တဲ့အတွက် နောက်ထပ် လူ ၁ ဦး သေဆုံးခဲ့ရပါတယ်။
ဇာပိုရစ်ချ်ဇီယာ မြို့တော်ကောင်စီရဲ့ အတွင်းရေးမှူး အာနာတိုလီ ကာတူးဗ်ကတော့ ရုရှားရဲ့ “အရပ်ဘက် အခြေခံအဆောက်အုံတခု” အပေါ် တိုက်ခိုက်မှုအတွင်း လူ ၉ ဦးအထိ ဒဏ်ရာရရှိခဲ့တယ်လို့ အစောပိုင်းမှာ ပြောကြားထားပါတယ်။
Source - Reuters