Home
နိုင်ငံတကာ
ယူကရိန်းအရှေ့ပိုင်း မြို့တမြို့တွင် ရုရှား ဒုံးကျည်ပစ်ခတ်မှုကြောင့် ၈ ဦးသေဆုံး
DVB
·
August 9, 2023
Russia missiles Ukraine_09082023

ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒန်ညက်စ်ဒေသထဲက ပေါခရော့ဗ်စ်ခ်မြို့ အလယ်ပိုင်းကို သြဂုတ် ၇ ရက်က ရုရှားက ဒုံးကျည်နဲ့ နှစ်ကြိမ်ပစ်ခတ်ခဲ့လို့ အရပ်သားငါးဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး ပတ်ဗ်လို ကေရာလန်ကိုက ကြေညာပါတယ်။

ပထမဒုံးကျည် ထိမှန်ပြီး မိနစ် ၄၀ အကြာမှာ ဒုတိယမြောက်ဒုံးကျည်က ယူကရိန်း ထိန်းချုပ်ထားတဲ့ မြို့ကို ထိမှန်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒါကြောင့် ပထမတုံ့ပြန်သူတွေ သေဆုံးဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုရဲ့ မျက်မြင်သက်သေတွေက အခင်းဖြစ်ရာနေရာမှာ ရောက်နေတဲ့ ရိုက်တာသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက်ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကယ်ဆယ်ရေးသမားနှစ်ယောက်နဲ့ စစ်သားတယောက် ပါဝင်ပါတယ်။ ရဲတပ်ဖွဲ့ဝင်ကိုးယောက်နဲ့ စစ်သားတယောက် ဒဏ်ရာရခဲ့ပေမဲ့ ဒဏ်ရာရသူ ၃၁ ဦးထဲက အများစုဟာ ဒေသဆိုင်ရာ မြို့တော်ကောင်စီဝင် အပါအဝင် အရပ်သားတွေဖြစ်တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024