Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း စစ်ရေးပစ်မှတ်များကို အပြန်အလှန်တိုက်ခိုက်
DVB
·
August 8, 2023
Russia Ukraine war_08082023

ရုရှားတပ်တွေက ယူကရိန်းပစ်မှတ်တွေကို ပိုမိုတိုက်ခိုက်ခဲ့ပြီး လမ်းကြောင်းအများအပြားမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှုတွေကို ချေမှုန်းခဲ့တယ်လို့ ရုရှားက ဩဂုတ် ၇ ရက်မှာ ပြောပါတယ်။

ယူကရိန်းကလည်း ရုရှားရဲ့ တည်နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်ပစ်ခတ်မှု အများအပြား လုပ်ခဲ့တယ်လို့ နှစ်နိုင်ငံလုံးက တရားဝင်ရှင်းလင်းချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ကူပြန့်စ်ခ်လမ်းကြောင်းမှာ သူ့ရဲ့ အဓိကတပ်တွေကို ဆက်အာရုံစိုက်နေပြီး တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေနဲ့ M777 အမြောက်စနစ်တွေ အပါအဝင် ယူကရိန်း စစ်ရေးစီမံကိန်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားလေကြောင်းရန်ကာကွယ်ရေး တပ်တွေက ယူကရိန်းရဲ့ မောင်းသူမဲ့ဒရုန်းတွေ၊ “Storm Shadow” ခရုဇ်ဒုံးကျည်တွေနဲ့ HIMARS ဒုံးကျည် အများအပြားကို ကြားဖြတ် ဟန့်တားခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း တိုက်ပွဲပေါင်း ၃၀ လောက် ရှေ့တန်းစစ်မျက်နှာစာ အသီးသီးမှာ ဖြစ်ပွားခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ဟာ ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကို အကြိမ်ရေ အမြောက်အမြား တိုက်ခိုက်ခဲ့ပြီး ရုရှားထိန်းချုပ်မှုအောက်က ဒေသတွေအပြင် ရုရှားရဲ့ အမြောက်တပ်စခန်းတွေနဲ့ ရေဒါစခန်းတွေကိုပါ တိုက်ခိုက်ခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024