Home
နိုင်ငံတကာ
ရုရှားဒုံးကျည်ကြောင့် ယူကရိန်းတောင်ပိုင်း ကရီဗီအရီမြို့၌ လူ ၂ ဦး သေဆုံး
DVB
·
August 1, 2023
Russia attacked Ukraine_01082023

ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ ကရီဗီအရီမြို့လယ်ခေါင်မှာ ဇူလိုင် ၃၁ ရက်က ရုရှားရဲ့ ဒုံးကျည် ၂ စင်းနဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးသွားပါတယ်။

ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက အပျက်အစီးပုံအောက်မှာ နောက်ထပ် ပိတ်မိနေသူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ဟောင်းလောင်းပေါက် ဖြစ်သွားခဲ့တဲ့ ၉ ထပ်တိုက် အဆောက်အအုံရဲ့ ဘေးဘက်ခြမ်းမှာ မီးခိုးလုံးတွေ တက်နေတာကိုပါ တွေ့ရပါတယ်။

ဒါ့အပြင် နောက်ထပ် ၄ ထပ်တိုက် အဆောက်အအုံကလည်း အကုန်နီးပါး ပျက်စီးသွားတာကို သမ္မတ ဇလန်းစကီးရဲ့ ဗီဒီယိုပို့စ်အရ သိရပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တက္ကသိုလ်အဆောက်အအုံတခုနဲ့အတူ လူနေတိုက်တခုကိုပါ ထိမှန်ခဲ့တယ်ဆိုပြီး ဇလန်းစကီး ကိုယ်တိုင် အတည်ပြုပါတယ်။

ယူကရိန်းစစ်ပွဲ မဖြစ်ပွားခင်တုန်းက လူဦးရေ ၆ သိန်းကျော်အထိရှိတဲ့ ကရီဗီအရီမြို့ဟာ သံမဏိထုတ်လုပ်ရေး မြို့တခုဖြစ်သလို ဇလန်းစကီးရဲ့ ကြီးပြင်းရာမြို့လည်း ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ “ဒီအကြမ်းဖက်မှုကြောင့် အထိတ်တလန့်ဖြစ်နေမှာ မဟုတ်သလို အားလျော့သွားစေမှာလည်း မဟုတ်ပါဘူး။ ယူကရိန်းပြည်သူတွေကို ကယ်တယ်နိုင်ဖို့အတွက် အလုပ်လုပ်နေကြပါတယ်” ဆိုပြီး တယ်လီဂရမ်ပေါ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

Source - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024