Home
နိုင်ငံတကာ
ဂျပန်တွင် ဇနီးနှင့်သမီးအား သတ်ခဲ့သူ အမျိုးသားကို ဘရာဇီးရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
July 16, 2023
538822-DVB-News-730x365
00000000000000000

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ဂျပန်နိုင်ငံမှာ သူ့ဇနီးနဲ့ ၃ နှစ်အရွယ်သမီးငယ်ကို သတ်ခဲ့တယ်လို့ သံသယရှိသူ အမျိုးသားတဦးကို ဇူလိုင် ၁၄ ရက်မှာ ဘရာဇီးရဲတပ်ဖွဲ့က ဖမ်းခဲ့ပါတယ်။

ဆော်ပေါ်လို မြို့မှာရှိတဲ့ ဘရာဇီးပြည်ထောင်စု ရဲတပ်ဖွဲ့က ဂျပန်အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက် ဘရာဇီးနိုင်ငံသား အန်ဒါဆန် ရော့ဘ်ဆန် ဘာဘိုဆာကို ဖမ်းခဲ့တာလို့ ပြောပါတယ်။

ရော့ဘ်ဆန် ဘာဘိုဆာဟာ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ အသက် ၂၉ နှစ်အရွယ် ဇနီးနဲ့ သမီးကြီးကို ဓားနဲ့ ထိုးခဲ့တယ်လို့ သံသယရှိထားပြီး ဘရာဇီးနိုင်ငံဆီ ထွက်ပြေးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

 သံသယရှိသူဟာ အလုပ်ကပြန်လာချိန်မှာ ဇနီးနဲ့သမီး သေဆုံး နေတာကို တွေ့ရှိအပြီး ကြောက်လို့ ဂျပန်နိုင်ငံကနေ ထွက်ပြေးခဲ့တာလို့ သံသယရှိသူဟာ အဖမ်းမခံရခင်မှာ ရှေ့နေကို ပြောခဲ့ပါတယ်။

ဘာဘိုဆာကို နောက်ထပ်တရားစီရင်ဖို့ ပါရာနာ ပြည်နယ်ဆီကို လွှဲပေးမယ်လို့ ဘရာဇီး ပြည်တွင်း မီဒီယာတွေက ဖော်ပြထားပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024