Home
မြန်မာသတင်း
ဖားကန့်ဒေသခံ အမျိုးသား ၃ ဦးကို စစ်တပ်က ဖမ်းဆီး 
DVB
·
June 9, 2023
351513499_274167938413447_8015738036881772619_n

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု မှော်တောင်း‌ကျေးရွာက ဒေသခံ အမျိုးသား ၃ ဦးကို ဇွန် ၈ ရက် ညနေမှာ  စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က သေနတ်ပစ်ခတ်ပြီး ဝင်ရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

"ညနေ ၄ နာရီခွဲလောက် စစ်တပ်က အင်အား ၃၀ ကျော်လောက်နဲ့ ဦးလေးသိန်း အိမ်ကို ဝင်ရှာတယ်။ အိမ်မှာ အတူရှိနေတဲ့ ဦးလေးသိန်း မိတ်ဆွေ နှစ်ယောက်ကိုလည်း ဖမ်းတယ်။ တယောက်က ထွက်ပြေးလို့ သေနတ်တွေနဲ့ ဝိုင်းပစ်ပြီး ဖမ်းသွားတယ်။ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာ။ ဘယ်ဖမ်းသွားလဲတော့မသိဘူး" လို့ ဒေသခံတဦးက ပြောပါတယ်။            

မှော်တောင်းကျေးရွာက ဦးသိန်းသိန်း၊ ရှရော်ခကျေးရွာက ဦးမြင့်လွင် နဲ့  အေးမြသာယာကျေးရွာက ဦးမောင်အေးတို့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံပြည်သူတွေကို  မကြာခဏ ဖမ်းဆီးနေပြီး  မေ ၄ ရက်က မှော်ဝမ်းရပ်ကွက်နေ အမျိုးသား ၂ ဦး၊  မေ ၁၆ ရက်က ခင်တောင်ကျေးရွာ ဒေသခံ အယောက် ၃၀၊ မေ ၂၅ ရက်က လုံးခင်းကျေးရွာက တည်းခိုရိပ်သာတခုမှာ တည်းခိုနေသူ  အမျိုးသား ၅ ဦး၊ မေ ၂၇ ရက်က မော်မောင်းလယန် ကျောက်စိမ်းလုပ်ကွက်က ရေမဆေးရှာဖွေသူ ၂၅ ဦး၊ မေ ၂၉ ရက်နေ့က မော်မောင်းလယန်နဲ့ ဆန်ခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်မှာ ရေမဆေးကျောက်ရှာဖွေသူ အယောက် ၅၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024