Home
မြန်မာသတင်း
ဟိုပင်မြို့နယ်တွင် အင်အား ၅.၉ အဆင့်ရှိ ငလျင်လှုပ်
DVB
·
June 1, 2023
351128346_544751687649369_1574890067907514968_n
350687192_799862828220095_2175810402286609816_n
351117073_647012900253230_4148993782838533794_n
Ho Pin earthquake 1

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့နယ်မှာ မေ ၃၁ ရက် ညနေက ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အင်းတော်ကြီးဘုရားအတွင်းမှာရှိတဲ့ ပစ္စည်းတွေနဲ့ နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။     

ငလျင်လှုပ်ခတ်ခဲ့တဲ့အတွက် အင်းတော်ကြီးရေလည်ဘုရားအတွင်း လှူဒါန်းထားတဲ့ ပစ္စည်းတွေ၊ လူသွားလမ်းတွေနဲ့ ဒေသအတွင်းက လူနေအိမ်အချို့နဲ့ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ ဆိုပါတယ်။  

“ညနေ ၆ နာရီမထိုးခင်က ငလျင်လှုပ်သွားတယ်၊ အတော်ပြင်းတယ်။ တချက်တည်း ဆောင့်ဆွဲလိုက်သလို ခပ်ပြင်းပြင်း လှုပ်သွားတာ။ ဘုရားထဲမှာ လှူဒါန်းထားတဲ့ ပစ္စည်းအချို့ ပျက်စီးထိခိုက်တယ်။ လူသွားလမ်းတွေလည်း အက်ကွဲပျက်စီးတယ်။ ဘုရားတံခွန်တိုင်လည်း အက်သွားတယ်။ ဘုရားနားက အချို့အိမ်တွေ ပျက်စီးတာရှိသလို အိမ်အသုံးအဆောင် ပစ္စည်းတွေလည်း ထိခိုက်သွားတာရှိတယ်” လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။      

အင်အား ရစ်ချ်တာစကေး ၅.၉ အဆင့်ရှိတဲ့ ငလျင်ဒဏ်ကြောင့်  မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ ပျက်စီးထိခိုက်မှုတွေ ဖြစ်ခဲ့ပြီး ကချင်ပြည်နယ်အတွင်း အခြားနေရာတွေက ထိခိုက်ပျက်စီးမှုကိုတော့ DVB အနေနဲ့ ဆက်လက်စုံစမ်းဆဲ ဖြစ်ပါတယ်။

မေ ၃၁ ရက် ညနေ ၅ နာရီ၊ ၅၀မိနစ်၊ ၂၂ စက္ကန့်လောက်က ဟိုပင်မြို့ရဲ့ အနောက်မြောက် ၂၂ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၇ ဒီဂရီ၊ အရှေ့လောင် ဂျီတွဒ် ၉၆.၂၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ၅.၉ အဆင့်ရှိ မြေငလျင်  လှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024