Home
မြန်မာသတင်း
ဖယ်ခုံမြို့နယ်ရှိ ထီရိစစ်ကောင်စီစစ်ဆေးရေးဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
May 12, 2022
279932019_320446290236301_3317409842838961760_n-1
279932019_320446290236301_3317409842838961760_n
Hti
Phe Khon people run away by SAC

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ မေလ ၁၂  ရက်  ဒီနေ့မနက်ပိုင်းက လွယ်ပေါရွာနဲ့ ၁၀ မိုင် ၀န်းကျင်ဝေးတဲ့ ထီရိစစ်ကောင်စီစစ်ဆေးရေးစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်သိမ်းပိုက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါဝင် ၂၀ ကျော်သေဆုံးပြီး ၅ ယောက် အရှင်ဖမ်းမိကာ  လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့ မနက်က ထီရိဂိတ်ကို PDFတွေ ဝင်သိမ်းလို့ စစ်သားတွေ တစ်စခန်းလုံးသေတယ်။ အရှင် ၅ ယောက်နဲ့ လက်နက်တွေအများကြီးသိမ်းမိတယ်လို့ သိရတယ်။ အဲ့ဒါကြောင့်ထင်တယ် ပြည်သူတွေနေတဲ့ ကျေးရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းထုနေတာ” လို့ပြောပါတယ်။

ထီရိစစ်ဆေးရေးစခန်းကို ရှမ်းတောင် တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY)၊ KNDF- B03(ဖယ်ခုံ) PDF (ဖယ်ခုံ)၊ PDF(အင်းလေး)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ ၈၄ မမ ကာဂူးစတပ် နောက်ပွင့် ရိုက်ခတ် (၁)လက်၊ ၆၀ မမ စိန်ပြောင်း(၁) လက်၊ RPG ပုခုံးထမ်းလောင်ချာ (၁)လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်ရမိခဲ့ပါတယ်။

"ထီရိဂိတ်က ကားအသွားအလာတွေကို အစစ်ဆေးအရမ်းကြမ်းပြီး ခရီးသွားပြည်သူတွေကို ရိုင်းစိုင်းစော်ကားတာတွေရှိတယ်။ မထင်ရင် မထင်သလို လူငယ်တွေကို ရိုက်နှက်တာ ရှိတယ်။ အပြစ်မရှိတဲ့ သာမာန်ခရီးသွား အရပ်သားတွေကို ဖမ်းဆီးတာတွေရှိလို့ PDF ပူးပေါင်းအဖွဲ့က ရှင်းလိုက်တာ" လို့ PDF တပ်ဖွဲ့၀င်က ဆိုပါတယ်။

တိုက်ပွဲဖြစ်စဥ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးခဲ့တာကြောင့် PDF ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့၀င်တချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် ဖယ်ခုံမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းကနေ ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က လွယ်ပေါကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို အရေးပေါ်တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024