Home
မြန်မာသတင်း
မယ်ဆိုင်တွင် တရားမဝင် ဝင်လာသည့် မြန်မာ ၁ ဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
March 31, 2022
277582469_1003608697255345_4080266060525107648_n

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ မတ် ၃၀ ရက်နေ့က ထိုင်းဘက်ခြမ်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ ဦးဆီကနေ စိတ်ကြွဆေးပြားနဲ့ အိုက်စ်မူးယစ်ဆေးတွေ ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

အသက် ၂၇ ရွယ် နိုင်းမိုင်ဆိုသူမှာ မြန်မာဘက်ခြမ်း မိုင်းဖုံးမြို့နယ် ပါကုတ်ကျေးရွာဘက်ကနေ မယ်ဟုတ်ချောင်းကို ကူးခတ်ပြီး ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့နယ် ကော်ချန့်အုပ်စု ပန်ဟကျေးရွာနားမှာ ကမ်းပေါ်တက်လာကြောင်း၊ ကမ်းပေါ်ရောက်ပြီး မကြာခင်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့တိုးကာ ဖမ်းဆီးခံရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးခံရသူက သူ့ကို ထိုင်းနိုင်ငံသားတယောက်က ပစ္စည်းလာပို့ပေးဖို့ ချိန်းချက်ထား တာဖြစ်ကြောင်း ဝန်ခံပြီး မြက်ခင်းတွေထဲမှာ ဝှက်ထားတဲ့ အထုတ်ကိုပါ လိုက်ပြခဲ့ပါတယ်။ အထုတ်ထဲမှာ စိတ်ကြွဆေးပြား ၁၂၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး ၂၀ ဒဿမ ၆ ဂရမ်တို့ ပါဝင်ပြီး ပစ္စည်းလာယူမယ့် ထိုင်းနိုင်ငံသားကို ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ မယ်ဆိုင်ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024