Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာရုံးများကို ရှောင်ရှားကြရန် သထုံ PDF သတိပေး
DVB
·
March 12, 2022
275270089_1830601900604070_8382918640146621494_n

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မတ် ၁၄ ရက်နောက်ပိုင်း စစ်ကောင်စီဩဇာခံ ဌာနဆိုင်ရာရုံးတွေအနီး သွားလာတာတွေ ရှောင်ရှားပေးကြဖို့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က မတ် ၁၂ ရက် ဒီကနေ့ သတိပေးစာ ထုတ်ပြန်ပါတယ်။

သထုံခရိုင်နဲ့ မြို့နယ် ထွေအုပ်ရုံး၊ လဝကရုံး၊ လျှပ်စစ်မီတာရုံးနဲ့ ဌာနဆိုင်ရာရုံး ဝန်ထမ်း အိမ်ရာတွေ အနီး သွားလာတာတွေ အထူးရှောင်ရှားကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဌာနဆိုင်ရာရုံးနဲ့ ဝန်ထမ်းအိမ်ရာအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ကလေးသူငယ်တွေကို နေအိမ်အပြင်ထွက် ဆော့ကစားစေတာတွေ အထူးဂရုစိုက်ပေးကြဖို့နဲ့ လူစုလူဝေးနေရာကို ရှောင်ရှားပေးဖို့ သထုံ PDF က မေတ္တာရပ်ခံထားပါတယ်။

သထုံ PDF က သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီက သထုံမြို့အတွင်း ကင်းလှည့်တာ တွေ ဆောင်ရွက်နေသလို မြို့အပြင်နေရာတွေမှာလည်း ကင်းပုန်းချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သထုံမြို့နယ်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို ဗုံးခွဲတိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024