Home
မြန်မာသတင်း
မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် မှန်လုံယာဉ်မှောက်ပြီး ၁၃ ဦးဒဏ်ရာရ
DVB
·
October 13, 2021
245140255_4538342266188301_3731909215609650510_n
244476630_385678693042883_8442980871936142677_n
244417690_603954540776293_4109827043367870574_n

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမှာ ထိုင်းနိုင်ငံက ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စီးနင်းလာတဲ့ မှန်လုံယာဉ် တစီး  အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက တိမ်းမှောက်လို့ လူ ၁၃ ယောက်လောက် ဒဏ်ရာရရှိသွားတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေထံက သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် မှန်လုံကားပေါ်မှာ လိုက်ပါလာသူ ခရီးသည်  ၂၂ ဦးအနက်   ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသလို ယာဉ်မောင်းသူနဲ့ ယာဉ်အကူတို့လည်း ပြင်းထန်ဒဏ်ရာရပြီး ကော့ကရိတ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။  

တိမ်းမှောက်သွားတဲ့ မှန်လုံယာဉ်ဟာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မှတဆင့်   ရခိုင်ပြည်နယ် ကိုသွားမယ့်  ရွေ့ပြောင်းမြန်မာအလုပ်သမားတွေကို  ပြန်ပို့ ဆောင်မယ့် ယာဉ်ဖြစ်ပါတယ်။ 

မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ  မြဝတီမြို့မှာ ကွာရန်တင်းရက်ပြည့်ဝင်ရောက်ပြီးနောက်  နေရပ်ပြန်ဖို့ထွက်ခွာလာစဉ် ခုအလို ယာဉ်မတော်တဆမှုနဲ့ ကြုံခဲ့ရတာဖြစ်ပြီး ဒဏ်ရာရသူတွေကို မြဝတီမြို့အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်နဲ့ ကော့ကရိတ် မြို့ပုလဲဖြူအသင်းတို့က ဆေးရုံအမြန်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။

မြဝတီ- ကော့ကရိတ် အာရှလမ်း နတ်စင်ကွေ့ ကုန်းအဆင်းမှာ   မကြာခဏ ယာဉ်တိမ်းမှောက်လေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024