Home
မြန်မာသတင်း
လာပို့-မင်းကင်းလမ်းရှိ တံတား ၁စင်း ကုန်ကားဖြတ်သန်းစဉ်ကျိုးကျ
Aung Ko Latt
·
February 18, 2020
87154699_1250002811871378_7964003521617985536_o
86467863_1250002805204712_3090629226064248832_o
85104328_1250002845204708_593443018632069120_o
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လာပို့ကျေးရွာနဲ့ မင်းကင်းမြို့တို့ကို ဆက်သွယ်ထားတဲ့ လမ်းပေါ်ရှိ လာပို့ကျေးရွာအနီးက မြင်းအော ချောင်းကူး ဘေလီတံတားတစင်းမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက ကုန်အပြည့်တင်လာတဲ့ ၆ ဘီးကားတစီးဖြတ်သန်းစဉ် ကျိုးကျခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်နေပါတယ်။ တံတားက လွန်ခဲ့တဲ့ ၅ နှစ်ဝန်းကျင်က တည်ဆောက်ခဲ့တာဖြစ်ပြီး အလျားပေ ၁၂၀၊ အကျယ် ၁၂ ပေရှိကာ ခံနိုင်ဝန် ၁၃ တန်ထိသာ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ကနီမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက "လောလောဆယ်တော့ တံတားအောက်ကနေ ကွင်းလမ်းဖောက်နေတယ်လို့ သိရတယ်။ ဒီတံတားက ကြံ့ခိုင်မှုအားနည်းတာလည်း ပါတယ်။ ပြီးတော့ ကားကလည်း အိုဗာဝိတ် တန်ပို တင်လာတဲ့ သဘောရှိတယ်။ ဒီလို တံတားက ၃ စင်းလောက်ရှိတယ်။ သံကူကွန်ကရစ်တံတား တည်ဆောက်ဖို့ လွှတ်တော်မှာ မေးဖို့စီစဉ်ထားတယ်။ မမေးခင် အခုလိုဖြစ်သွားတာပေါ့။"လို့ ပြောပါတယ်။ တံတားကျိုးကျလို့ လူတွေတော့ တစုံတရာ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။ ကားပေါ်မှာ ပိုက်မျိုးစုံ၊ ဒီဇယ်ပေပါ၊ ဘိလပ်မြေစတဲ့ကုန်မာတွေ တင်ဆောင်လာတာဖြစ်ပြီး မင်းကင်းကို အသွားမှာ တံတားကျိုးကျခဲ့တာဖြစ်ပါတယ်။  လာပို့-မင်းကင်းလမ်းက မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းနဲ့ ဆက်သွယ်ထားပြီး မုံရွာ-မင်းကင်းကို အဓိက ဆက်သွယ်တဲ့ လမ်းကြောင်းတခုလမ်းဖြစ်ပါတယ်။  လတ်တလောမှာတော့ လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်နေပေမယ့် ကားတွေ ပိတ်မိနေတာမျိုးတော့ မရှိဘူးလို့လည်း သိရပါတယ်။  လက်ရှိကားပေါ်က ကုန်ပစ္စည်းတွေကို ပြန်ချနေပြီး ကားကိုလည်း ပြန်ဆွဲထုတ်ဖို့ လုပ်ဆောင်နေကြပါတယ်။  လာပို့-မင်းကင်းလမ်းပေါ်မှာ ကွန်ကရစ်တံတားတွေအပါအဝင် တံတားကြီးငယ်ပေါင်း အနည်းဆုံး ၅ စင်းထက် မနည်းရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024