Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တသားတည်းရှိကြောင်း မိုးညှင်းတွင် ထောက်ခံပွဲလုပ်
DVB
·
December 7, 2019
Moe Nhyin we stand with DASSK 6
Moe Nhyin we stand with DASSK 4
Moe Nhyin we stand with DASSK 3
Moe Nhyin we stand with DASSK 2
Moe Nhyin we stand with DASSK 1
Moe Nhyin we stand with DASSK 5
မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူတွေ တသားတည်ရှိကြောင်း အားပေး ထောက်ခံပွဲကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ရွှေသာလျောင်းဇာတ်ရုံကြီးမှာ ဒီဇင်ဘာ ၇ ရက်မနက်က ကျင်းပခဲ့ပါတယ်။ ဒီထောက်ခံပွဲကို ပရဟိတအဖွဲ့လူငယ်တွေ ဦးဆောင်ခဲ့ကြပြီး ပြည်သူအများစုက မြန်မာနိုင်ငံကိုယ်စားပြု ICJ မှာ သွားရောက်ဖြေရှင်းမယ့်အပေါ် ထောက်ခံအားပေးတဲ့အနေနဲ့ ရည်ရွယ်ပြုလုပ်တာလို့ ဆိုပါတယ်။ တိုင်းရင်းသား ကျောင်းသားလူငယ်တွေနဲ့ စက်ဘီးစီး လူငယ်စုစုပေါင်း လူအင်အား ၅၀၀ လောက်က အမေစုနဲ့အတူ နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်ရန်လူတိုင်းမှာ တာဝန်ရှိသည် ဆို တဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်တက်ရောက်ခဲ့ကြပြီး မနက် ၁၀ နာရီမှာတော့ စီတန်း လှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စတင်ကြားနာမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024